နိဒါန်း
PDF နည်းစနစ်ဖြင့် ရေးသားထားသော ဤစာမျက်နာ (17kb)
သက်ကြီးပညာသင်သူများရက်သတ္တပတ် သည် သြစတြေးလျားနိုင်ငံတွင် ရရှိနိုင်သော သက်ကြီးသင်ယူရေး အခွင့် အလမ်းများ၏ ကြွယ်ဝမှု ကို အောင်ပွဲခံသဘင်ကျင်းပပါသည်။
အသိုင်းအဝိုင်းပညာရေးသည် အသက်အရွယ်အားလုံး နှင့် ပညာရေးနောက်ခံအားလုံး သောသူများအား ဖွင့်လှစ်ပေး ထားပါသည်။ နှစ်စဥ် ထောင်ပေါင်း ရာနှင့်ချီသော သြစတြေးလျားနိုင်ငံသားများသည် သက်မွေးကျွမ်းကျင်မှုပညာ ၊ စိုက်ပျိုးရေး ၊ စီးပွားရေး ၊ ကွန်ပျူတာ ၊ အနုပညာ နှင့် လက်မှုပညာများ ၊ တေးဂီတ ၊ ကျန်းမာရေး ၊ ချက်ပြုတ်ရေး နှင့် ဘာသာစကားများ တို့ကို လူ့အသိုင်းအဝိုင်းပညာရေးသင်ကြားပို့ချကျောင်းများမှတဆင့် လေ့လာဆည်းပူးကြ ပါ သည်။
အသိုင်းအဝိုင်းပညာရေး သည်အကုန်အကျတတ်နိုင်ဖွယ်ရာရှိသည့်အပြင် အကျွမ်းတဝင်ရှိသည့် နေရာများဖြစ်သော အသိုင်းအဝိုင်းကော်လိပ်များ ၊ အိမ်နီးချင်းအိမ်ယာများ ၊ စာကြည့်တိုက်များ နှင့် TAFE ကော်လိပ် တို့တွင် ပို့ချ သင် ကြားသည်။ အချို့သော နိုင်ငံကူးပြောင်းလာသူအရင်းအမြစ်စင်တာများ တွင် ပညာရေးအစီအစဥ် များပို့ချပေး သည့် အပြင် ၄င်းတို့ကသင့်အား သင်၏လိုအပ်ချက်နှင့်သင့်တော်မည့် သင်တန်းကိုရှာဖွေရန် ကိုလည်းကူညီ ပါသည်။ သင့်အနေဖြင့် သက်သောင့်သက်သာဆောင်ရွက်သည့်အုပ်စု ၊ တစ်ရက်သာဟောပြောပွဲ ၊ သို့မဟုတ် ရက်သတ္တပတ် ပေါင်းများစွာ သို့မဟုတ် လပေါင်းများစွာ တက်ရသည့်သင်တန်း တစ်ခု ကိုတက်ရောက် နိုင်သည်။
အောင်လက်မှတ်မအပ်နှင်းသည့် အသိုင်းအဝိုင်းပညာရေး (အစဥ်အလာပညာရေးသို့ဦးတည်မှုမရှိသည့်သင်တန်း) သည် ထပ်ဆင့်ပညာရေး ၊ အလုပ်အကိုင်ရှာဖွေရေး ၊ သို.မဟုတ် လုပ်ငန်းကိုင်ငန်း ပြောင်းလဲရေး တို့ကိုပြင်ဆင်ရန် တန်ဖိုးရှိသည့်နည်းလမ်းတစ်ခု ဖြစ်နိုင်ပါသည်။ ရက်တိုသင်တန်းတစ်ခုသည် သင့်အား နည်းပညာသစ်ကိုရယူရန် သို့မဟုတ် ကျွမ်းကျင်သူအတတ်ပညာများ ရယူရန် ၊ မိမိ စိတ်ဝင်စားရာများကိုစူးစမ်းရန် ၊ ဆက်ဆံရေးကျွမ်းကျင်မှု တိုးပွားရန် နှင့် အသိုင်းအဝိုင်းထဲမှလူများနှင့်တွေ့ဆုံရန် တို့ကိုအထောက်အကူပေးနိုင်ပါသည်။ သြစတြေးလျားနိုင်ငံ ပညာရေးစနှစ် ကို သင့်အနေဖြင့် ပိုမိုအကျွမ်းတဝင် ဖြစ်လာပြီး အလုပ်ခွင် နှင့် ပညာဆည်းပူးရာ၌ အခွင့်အလမ်း အသစ်များကို ရှာဖွေရာတွင် မိမိကိုယ်မိမိ အားကိုးစိတ် တည်ဆောက်လာ မည်။
သင်၏ တစ်သက်တာ ပညာဆည်းပူးရေး လမ်းကြောင်းတွင် ကံကောင်းပါစေ။