သင်တန်း သို့မဟုတ် သင်ကြားပို့ချသည့်ကျောင်း
PDF နည်းစနစ်ဖြင့် ရေးသားထားသော ဤစာမျက်နာ (52kb)
ပြည်နယ်အသီးသီးတွင် ရှိသည့် သင်တန်းလမ်းညွန်များ နှင့် သင်ကြားပို့ချသည့်ကျောင်းများ ကိုရှုမြင်ပါ၊
- Australian Capital Territory
- New South Wales
- Northern Territory
- Queensland
- South Australia
- Tasmania
- Victoria
- Western Australia
တစ်နိုင်ငံလုံး အဆက်အစပ်ကွင်းဆက်များ
အသိုင်းအဝိုင်းပညာရေး ပို့ချသင်ကြားကျောင်း၏ အဓိကအမျိုးအစားများကို အောက်တွင်၄င်းတို့၏ တစ်နိုင်ငံလုံး ထိပ်တန်းအဖွဲ့အစည်းများ နှင့်တကွ ဖော်ပြထားပါသည်။
Community colleges အသိုင်းအဝိုင်း ကော်လိပ်များ
အသိုင်းအဝိုင်းကော်လိပ်ကျောင်းများ သည် အသိုင်းအဝိုင်းပညာရေးကို အဓိကပို့ချသင်ကြားပေးသည့် ကျောင်းများ ဖြစ်ပါသည် အထူးသဖြင့် New South Wales, Victoria နှင့် ACT တို့တွင်ဖြစ်ပါ သည်။ ၄င်းတို့၏ထိပ်တန်းအဖွဲ့အစည်းမှာ Community Colleges Australia ဖြစ်ပါသည်။
Neighbourhood Houses and Community Learning Centres အိမ်နီးချင်းနေအိမ်များ နှင့် အသိုင်းအဝိုင်းလေ့လာရေးစင်တာ
ဤဒေသဆိုင်ရာအသိုင်းအဝိုင်းအတွင်းပို့ချသည့် အဖွဲ့အစည်းများသည် လူမှု့ရေး၊ ပညာရေး နှင့် အပန်းဖြေရေးရာ လှုပ်ရှားပို့ချချက်များ ကိုလှိုက်လဲပြူငှါစွာဖြင့် ပံ့ပိုးပေးခြင်းအားဖြင့် ပို့ချပေးပါသည်။ သြစတြေးလျား အိမ်နီး ချင်းနေ အိမ်များ နှင့် စင်တာအသင်းအဖွဲ့များသည် တစ်နိုင်ငံလုံးအဖွဲ့အစည်း 1000 ကျော် ကို ကိုယ်စား ပြုပါ သည်။
http://www.anhlc.asn.au/about-anhca
TAFE နည်းပညာ နှင့် ထပ်ဆင့်ပညာရေး
နည်းပညာ နှင့် ထပ်ဆင့်ပညာရေးကျောင်း (TAFE) သည် အောင်လက်မှတ်အပ်နှင်းသည့် အသက်မွေးဝမ်းကျောင်း သင်တန်း (ထုံးတမ်းအစဥ်အလာပညာရေးကိုဦးတည်နေသည် ) ကို များပြားသော ရက်တိုသင်တန်းများနှင့်တကွ ပို့ချ သင်ကြားပေးပါသည်။ TAFE လမ်းညွန်များ သို့ အဆက်အစပ်ကွင်းဆက်များ ကို ပြည်နယ်တစ်ခုချင်းအောက်တွင် ဖော်ပြထားပါသည်။
စာအရေးအဖတ် နှင့် အတွက်အချက် သင်တန်းများ
သက်ကြီး စာအရေးအဖတ် နှင့် အတွက်အချက် အတွက် ပြည်နယ်အဖွဲ့အစည်းများသည် သင်တန်းများ၏အကြောင်း အရာများကို ပြည်နယ်တစ်ခုချင်းတွင် ပေးအပ်ထားပါသည်။ တစ်နိုင်ငံလုံး၏ ထိပ်တန်းအဖွဲ.အစည်းမှာ Australian Council for Adult Literacy ဟုခေါ်သော သက်ကြီးစာအရေးအဖတ်အတွက် သြစတြေးလျားကောင်စီ ဖြစ်ပါ သည်။
Libraries စာကြည့်တိုက်များ
အများပြည်သူစာကြည့်တိုက်များသည် ဒေသခံအသိုင်းအဝိုင်းအတွက် များပြားသော ပညာရေးဆိုင်ရာ လှုပ်ရှား ပို့ချချက်များ ကိုပ့့ံပိုးပေးပါသည်။ The Australian Libraries Gateway က သင့်အား သင့်ဒေသတွင်းရှိ စာကြည့်တိုက်ကို ရှာဖွေရန် အခွင့်ပေးပါသည်။
http://www.nla.gov.au/apps/libraries?action=LibSearch
Migrant resource centres နိုင်ငံကူးပြောင်းလာသူ အရင်းအမြစ် စင်တာများ
နိုင်ငံံကူးပြောင်းလာသူ အရင်းအမြစ် စင်တာ သည် နိုင်ငံကူးပြောင်းလာသူများ နှင့် ဒုက္ခသည်များကို အထောက် ကူပြုဝန်ဆောင်မှုများ ဖြစ်သည့် အင်္ဂလိပ်ဘာသာရပ် နှင့် အခြားသင်တန်းများ အပါအဝင်တို့ ကိုပေးအပ်ပါသည်၊ ဒုက္ခသည်များ နှင့် ခိုလုံခွင့်လျှောက်ထားသူများတို့ကို ကူညီဆောင်ရွက်ပေးသည့်အဖွဲ့အစည်းများ၏ အစုအစည်း အဖွဲ့ချုပ်မှာ Refugee Council of Australia ဖြစ်ပါသည်။
http://www.refugeecouncil.org.au
University of the Third Age (U3A) တတိယအရွယ် သက်ကြီးတဣသိုလ်
U3A သည်အပြည်ပြည်ဆိုင်ရာ လှုပ်ရှားမှုတစ်ခုဖြစ်ပြီး အသက် 50 နှစ်ကျော်သူများအား အချိန်ပြည့်အလုပ်လုပ်သူ များ မဟုတ်လျှင် တစ်သက်တာပညာဆည်းပူးမှုကို ပါဝင်ဆင်နွဲရန် တိုက်တွန်းထားပါသည်။ ကွန်ရက်တွင် U3A ဒေသဆိုင်ရာအုပ်စုများ၏လမ်းညွန် ပါဝင်ပါသည်။
Adult Learning Australia သက်ကြီး သင်ယူရေး သြစတြေးလျား
Adult Learning Australia (ALA) သည် သက်ကြီး လေ့လာသင်ယူရေး ရေးရာတွင် တစ်နိုင်ငံလုံး ၏ထိပ်တန်း အဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။
Courses Australia သင်တန်းများ သြစတြေးလျား
ဤစီးပွားလုပ်ငန်းကွန်ရက်တွင် သြစတြေးလျားနိုင်ငံ၏ အားလုံးသော TAFE ကော်လိပ်ကျောင်းများ နှင့် တဣသိုလ် များ ၏အမည်စာရင်းများ ထည့်သွင်းထားပြီး သင်တန်း 10 000 ကျော်၏လမ်းညွန် ကိုပေးအပ်ထားပါသည်။